Page: ../ 1 ... 21 22
Question :လိုင်စင်အပ်နှံလိုလျှင် မည်သို့ပြုလုပ်ရမည်နည်း။    08 Jun, 2016
Date : 08 Jun, 2016
Answer : သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားခြင်း။ ၇၆။ သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားလျှင် ခွင့်ပြုချက် ပေးပြီးနောက်ပိုင်း မှ ပြန် လည်ရုပ်သိမ်း ခွင့်လျှောက်ထားပါက ကျသင့်သည့်သွင်းကုန်လိုင်စင်ကြေး တန်ဖိုး၏ ၅၀% ပေးသွင်းပြီးမှ သာ ပြန်လည်ရုပ် သိမ်းခွင့်ပြုမည်။ ခွင့်ပြုချက်မပေးမီပြန်လည် ရုပ်သိမ်းခွင့်လျှောက်ထားခြင်းကိုမူ မည်သည့်အခကြေးငွေမျှ ရယူခြင်းမပြုဘဲ ပြန်လည် ရုပ်သိမ်းခွင့် ပြုမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၏ Official Website ဖြစ်သော www.commerce.gov.mm website ၏ မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Question :Can we import processed pork? If allow to import, what are the procedures for that?    23 Jun, 2016
Date : 23 Jun, 2016
Answer : တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းတင်သွင်းခြင်းကို အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :သွင်းကုန်လိုင်စင် ပြန်အပ်လျှင် ပြုလုပ်ရမည့်ပုံစံကို ပြောပြနုင်မလားရှင်    08 Jun, 2016
Date : 08 Jun, 2016
Answer : သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားခြင်း။ ၇၆။ သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားလျှင် ခွင့်ပြုချက် ပေးပြီးနောက်ပိုင်း မှ ပြန် လည်ရုပ်သိမ်း ခွင့်လျှောက်ထားပါက ကျသင့်သည့်သွင်းကုန်လိုင်စင်ကြေး တန်ဖိုး၏ ၅၀% ပေးသွင်းပြီးမှ သာ ပြန်လည်ရုပ် သိမ်းခွင့်ပြုမည်။ ခွင့်ပြုချက်မပေးမီပြန်လည် ရုပ်သိမ်းခွင့်လျှောက်ထားခြင်းကိုမူ မည်သည့်အခကြေးငွေမျှ ရယူခြင်းမပြုဘဲ ပြန်လည် ရုပ်သိမ်းခွင့် ပြုမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၏ Official Website ဖြစ်သော www.commerce.gov.mm website ၏ မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Question :လိုင်စင်လျှောက်ရန်လို မလို ဘယ်မှာ ကြည့် ရ မလဲ ဗျာ။    08 Jun, 2016
Date : 08 Jun, 2016
Answer : ကုန်သွယ်ရေးလုပ်ငန်းများဖြေလျော့မှုအနေဖြင့် လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်လိုင်း အရေ အတွက်ကို ယခင် ထက်တိုးမြှင့်သတ်မှတ်ပြီး လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများ (Negative List)ကို သတ်မှတ်ထုတ်ပြန် ထားသော အမိန့်ကြော်ငြာစာ Negative List Order (69/2015).pdf တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

Question :B/N excavator model 2015 ,CO -JAPAN ,SEA / BORDER လိုင်စင်လျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများကိုသိချင်ပါတယ်ရှင့်။ လိုင်စင်လျှောက်ထားမယ်ဆိုရင် ကြာမြှင့်ချိန်လေးပါသိချင်ပါတယ်။ (CIF ,FOB, EXW )licence value လေးတွေပါသိချင်ပါတယ်ရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။    07 Jun, 2016
Date : 07 Jun, 2016
Answer : Excavator ကို လျှောက်ထားရာတွင် (၁) Proforma Invoice (၂) Sale Contract (၃) Excavator ကို မည်သည့်နေရာတွင် မည်သို့အသုံးပြုမည်ဆိုသည့် အသုံးပြုပုံရှင်းလင်းချက် တို့ လိုအပ်ပါသည်။ Excavator model 2015, CO-JAPAN, All Brand, (10 TON) ဈေးနှုန်းမှာ USD 86200 ဖြစ်ပါသည်။ ဈေးနှုန်းများမှာ မိမိလျှောက်ထားသော Vehicle Weight , Capacity Weight ပေါ်တွင် မူတည်သည်။ (CIF, FOB, EXW) Licence Value ကို အကောက်ခွန်ဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ပါ သည်။

Question :ဝန်ကြီးဌာနက သတ်မှတ်ထားသော Company Profile တခုတွင် ပါဝင်ရမည့် မပါမဖြစ် အချက်အလက်များကို ပြောပြနိုင်မလား ခမျာ    07 Jun, 2016
Date : 07 Jun, 2016
Answer : Profile of Exporter & Importer Registration Number (1) Exporter/Importer Registration No: (2) Business Name (Eng): Business Name (Myan): (3) Business Type : (4) Registration Date : (5) Company Registration No. : (6) Type of Company : (7) Permited Business : (8) Permit to Trade : (9) Capital : (10) Currency : (11) MD/Owner Name and NRC No: (12) Address : (13) Division (14) Country: (15) Phone: (16) Fax : (17) Email: (18) Website Name : (19) Fee: (20) Tradenet Member : (21) Term of Registration: (22) Start Date: (23) End Date: (24) Decision Code: (25) Service: (26) SI Value : (27) Entry Date : (28) Applicant Name : (29) Applicant NRC No.: (30) Agent Registration No.: (31) Remark : (32) Is Old. HTK: (33) Exporter/Importer Registration No.(OLD):

Question :I want to import some machines relating to bamboo chopsticks industry. Would you kindly suggest me how to import these machines into our country?    07 Jun, 2016
Date : 07 Jun, 2016
Answer : Machine များကို License လျှောက်ထားရာတွင် (၁) Proforma Invoice (၂) Sale Contract (၃) မည်သည့်နေရာတွင် မည်သို့အသုံးပြုမည်ဆိုသည့် အသုံးပြုပုံရှင်းလင်းချက် တို့နှင့် အတူ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ၏ သက်ဆိုင်ရာ Section တွင် လျှောက်ထားနိုင်ပါ သည်။

Question :ကုမ္ပဏီထောင်ထားသူမဟုတ်သူများမှ ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်းများအနေဖြင့် မည်သို့ ၀င်ရောက်လေ့လာရမည်ကို သိရှိလိုပါသည်။ Company Name နှင့်တကွ Register ပြုလုပ်ခိုင်းနေသောကြောင့် အခက်အခဲဖြစ်ရပါသည်။    07 Jun, 2016
Date : 07 Jun, 2016
Answer : စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ www.commerce.gov.mm Website ၏ မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Question :ကိုရီးယားနိုင်ငံထုတ် ဆွဲကား (Tow Car) တင်သွင်း တဲ့အခါ ဘယ်လို ဆောင်ရွက် ရမလဲ ဆိုတာ သိလိုပါတယ်။ ကုမ္ပဏီ လိုင်စင်နဲ့သွင်းတဲ့ အခါ ဘယ်လို စာရွက်စာတမ်းတွေ လိုအပ်ပြီး၊ ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာ သိရှိလိုပါတယ်။    07 Jun, 2016
Date : 07 Jun, 2016
Answer : ကိုရီးယားနိုင်ငံထုတ် ဆွဲကား (Tow Car) တင်သွင်း တဲ့အခါ (၁) Proforma Invoice (၂) Sale Contract (၃) မည်သည့်နေရာတွင် မည်သို့အသုံးပြုမည်ဆိုသည့် အသုံးပြုပုံရှင်းလင်းချက် တို့နှင့် အတူ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သွင်းကုန်လုပ်ငန်းဌာနခွဲ၏ သက်ဆိုင်ရာ Section တွင် လျှောက်ထားနိုင်ပါ သည်။

Question :fully online licence နဲ့လျှောက်ရမည့် items goods တွေကိုသိချင်ပါတယ်    07 Jun, 2016
Date : 07 Jun, 2016
Answer : Fully Online Licence နဲ့ လျှောက်ရမည့် Items Goods များကို www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Question : Please , Let me know, How can i get smart card for our company? Our company have export / import license but don't have smart card. Thanks .    02 Jun, 2016
Date : 02 Jun, 2016
Answer : လုပ်ငန်းရှင်စိစစ်ရေးကဒ်ပြားရယူလိုပါက (၁) ကုမ္ပဏီ Letter Head နှင့် လျှောက်ထားသည့် အပေါ်စာတစ်စောင် (၂) ကုမ္ပဏီမှတ်ပုံတင်ကဒ်မိတ္တူ (၃) ထသကမှတ်ပုံတင်ကဒ်မိတ္တူ တို့နှင့် လျှောက်ထားနိုင်ပါသည်။

Question :သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်း အချက်အလက်များနှင့် လုပ်ဆောင်ပုံ အဆင့်ဆင့် တို့ကို သိလိုပါသည်။    02 Jun, 2016
Date : 02 Jun, 2016
Answer : သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် (၁) Proforma Invoice (၂) လျှောက်ထားသည့် သွင်းကုန် လိုင်စင်သည် ဌာနဆိုင်ရာထောက်ခံချက်လိုအပ်ပါက သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိရပါမည် ... ပထမအဆင့်အနေနှင့် စီးပွားကူးသန်းဝန်ကြီးဌာန၏ လျှောက်ထားမည့် Proforma Invoice နှင့် PIAC တွင် အွန်လိုင်းဝင်ရပါ မည်။ အွန်လိုင်းမှ Application Form ရလျှင် အချက်အလက်များ မှန်/မမှန် ကိုယ်တိုင်စစ်ဆေး၍ မှန်ကန်ပါက အွန်လိုင်းကြေး ပေးသွင်းရပါမည်။ အွန်လိုင်းကြေးပေးသွင်းပြီးပါက ပို့ကုန်/သွင်းကုန်ဌာနခွဲ၏ မိမိ သက်ဆိုင်ရာ Section များသို့ သွားရောက်ရပါမည် ။ လိုင်စင်အချော ထွက်သည်အထိ ပို့/သွင်းဌာနခွဲမှ ဝန်ထမ်းများမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ Myanmar Trade Net Website မှ (၁) Semi Online (၂) Fully Online Licensing System တို့ ဖြင့် လျှောက်ထားမည် ဆိုပါကလည်း လျှောက်ထားနိုင်ပါသည်

Question :အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း လိုင်စင် လျှောက်ချင်ပါတယ် ဘယ်မှ လျှောက်ရမလဲ။ web site ရှိပါသလားခင်ဗျာ။    01 Jun, 2016
Date : 01 Jun, 2016
Answer : အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းလိုင်စင်ကို စက်မှုဝန်ကြီးဌာနတွင် လျှောက်ထားနိုင်ပါတယ် ... စက်မှုဝန်ကြီးဌာန၏ http://www.industry.gov.mm ၏ Law & Regulation တွင် ရှာဖွေဖတ်ရှုနိုင်ပါသည် ...

Question :For applying import license I want to know which documents are needed. Thank yo    20 May, 2016
Date : 20 May, 2016
Answer : သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် (၁) Proforma Invoice (၂) လျှောက်ထားသည့်သွင်းကုန်လိုင်စင်သည် ဌာနဆိုင်ရာထောက်ခံချက်လိုအပ်ပါက သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိရပါမည် ...

Question :ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရဆေးဝါးစာရင်းအားသိလိုပါသည်။မည်သည်နေရာမှရနိုင်သည်ကိုညွှန်ပေးပါ    17 May, 2016
Date : 17 May, 2016
Answer : ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရဆေးဝါးများဖြစ်သည့်အတွက် ကုန်သွယ်ခွန်နှင့်သက်ဆိုင်သော အကောက်ခွန်ဦးစီးဌာနနှင့် သက်ဆိုင်သည့်အတွက် အကောက်ခွန်ဦးစီးဌာနသို့ မေးမြန်းသင့်ပါသည်။ ကျေးဇူးတင်ပါသည် ...

Question :ကုန်သွယ်ခွန်မဆောင်ရသောဆေးဝါးများအမည်စာရင်းသိလိုပါသည်။မည်သည့်နေရာတွင်ဝယ်ယူရနိုင်သည်ကိုညွှန်ပေးပါ    17 May, 2016
Date : 17 May, 2016
Answer : ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရဆေးဝါးများဖြစ်သည့်အတွက် ကုန်သွယ်ခွန်နှင့်သက်ဆိုင်သော အကောက်ခွန်ဦးစီးဌာနနှင့် သက်ဆိုင်သည့်အတွက် အကောက်ခွန်ဦးစီးဌာနသို့ မေးမြန်းသင့်ပါသည်။ ကျေးဇူးတင်ပါသည် ...

Question :သွင်းကုန်လိုင်စင်ထုတ်ပေးတဲ့ ပစ္စည်3း3 မျိုးကို သိချင်ပါတယ်ရှင့် :)    17 May, 2016
Date : 17 May, 2016
Answer : သွင်းကုန်လိုင်စင်ထုတ်ပေးတဲ့ ပစ္စည်း ၃၃ မျိုးဆိုတာ ဘာကိုဆိုလိုပါသလဲရှင် ... လိုင်စင်လျှောက်ထားရန်မလိုသောအမယ်များကို ဆိုလိုခြင်းမျိုးလား ... အကယ်၍ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် ကြော်ငြာစာများအား သိရှိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင် ... http://www.commerce.gov.mm/my/commands

Question :Hey, that's pofrlwue. Thanks for the news.    02 Aug, 2016
Date : 02 Aug, 2016
Answer : ကျေးဇုးတင်ပါတယ်ရှင်

Question :Is there web page where we can check the products list which are no need to apply IMPORT LICENSE?    17 May, 2016
Date : 17 May, 2016
Answer : ပို့ကုန် သွင်းကုန်နှင့်ပတ်သက်သည့်ကိစ္စရပ်များအား အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် ။ http://www.commerce.gov.mm/my/commands

Question :ယခုကားသွင်းမည်ဆိုလျှင် 1300 CC, 5 seater, USD 5500 CIF တန်ဘိုး သွင်းမည်ဆိုလျှင် ကျသင့်မည် အခွန်အခများ သိလိုပါသည်။    27 Apr, 2016
Date : 27 Apr, 2016
Answer : CIF – 5500 USD တန်ဖိုးရှိ ကားတင်သွင်းမည်ဆိုပါက ကျသင့်မည့်အခွန်အခများမှာ - အကောက်ခွန် = 1650 USD ကုန်သွယ်ခွန် = 275 USD ကညနအခွန် = 1374.5 USD စုစုပေါင်း (အကောက်ခွန် + ကုန်သွယ်ခွန် + ကညနအခွန် ) = 3299.5 USD စုစုပေါင်းကျသင့်မည့်အခွန်အခများမှာ - 3300 × ဒေါ်လာပေါက်ဈေး = ............. ကျပ် ဖြစ်ပါသည် …. ကျေးဇူးတင်ပါသည် ……


To post new question!
* Question