Page: ../ 1 ... 16 17 18 19 20
Question :e token ၀ယ်ယူရန် registration form တွင် မဖြစ်မနေဖြည့်သွင်းပေးရမည့် အချက်အလက်များတွင် (၁) Myanmar TradeNet Website တွင် Member ၀င်ပြီးကြောင်း အထောက်အထား ဆိုတာက ဘာကို ယူလာပြရမလဲ.. သိချင်ပါတယ်။    20 Jul, 2016
Date : 20 Jul, 2016
Answer : e token ၀ယ်ယူရန် registration form တွင် မဖြစ်မနေဖြည့်သွင်းပေးရမည့် အချက်အလက်များတွင် (၁) Myanmar TradeNet Website တွင် Member ၀င်ပြီးကြောင်း အထောက်အထား ဆိုသည်မှာ member ဝင်စဉ်က ဌာနမှပေးလိုက်သော ငွေသွင်းချလန်ဖြစ်ပါသည်။

Question :ကားများကိုသွင်းချင်လို့ပါ လိုင်စင်တင်ရန်အတွက်ဘယ်လောက်ဈေးနှုန်းများသတ်မှတ်ထားသလဲသိချင်ပါသည်။    20 Jul, 2016
Date : 20 Jul, 2016
Answer : တင်သွင်းလိုသည့်ကားအမျိုးအစား၊ model year နှင့် Country of Origin ပေါ်မူတည်၍ ဈေးနှုန်း ကွာခြားပါသည်။ မော်တော်ယာဉ်များ၏ လိုင်စင်တင်ရန်သတ်မှတ်ထားသော ဈေးနှုန်းများအား လေ့လာ သိရှိလိုပါက Commerce Website ၏ မော်ဒယ်အလိုက်မော်တော်ယာဉ်ဈေးနှုန်းများ တွင် လေ့လာသိရှိနိုင်ပါသည်။

Question :လုပ်ငန်သုံး မြေတူးစက် VOLVO အတွက် OIL FILTER, AIR CLEANER, PILOT FILTER,COMPRESSOR FILTER, ENGINE FILTER စတဲ့ အပိုပစ္စည်း အသစ် တင်သွင်းချင်ပါတယ်။ လိုင်စင်လျှောက်ထားရန် လိုပါသလား ၊ လိုင်စင်သတ်မှတ် ဈေးနှုန်းကို ဘယ်ဋ္ဌာနတွင် မေးမြန်း ရပါမလဲ ။ တစ်ခြား ကုမ္မဏီ တစ်ခုခုမှ လျှောက်ထားဘူးခြင်း မရှိသေးသော အပိုပစ္စည်း ဖြစ်ခဲ့လျှင် Calalog များဖြင့် တင်ပြရန် လိုအပ်ပါသလား ။ Custom Duty, Commercial Tax ရာခိုင်နှုန်းကိုလည်း သိလိုပါတယ်။    20 Jul, 2016
Date : 20 Jul, 2016
Answer : အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသော AV Value အတိုင်း ခွင့်ပြုပေးထားပြီး ဈေးနှုန်းမပါသော ကားများကို One Stop Service အဖွဲ့မှ လှည့်လည်၍ အတည်ပြုဆောင်ရွက်ပေးလျှက်ရှိပါသည်။ Commercial Tax အား သိရှိလိုပါက Commercial Tax Law တွင်လည်းကောင်း၊ Custom Duty အား သိရှိလိုပါက Import Procedure ၏ Custom Duty အပိုင်း တွင် လေ့လာနိုင်ပါသည်။

Question :ကျွန်​​တော်​ ဦး​တော်​မီ​ဌေးရီ(၁၂/ဥကမနိုင်​ ၁၉၉၅၄၈)သည်​ တခါဘူးမျှ ကုမ္ပဏီ (ထုတ်​ကုန်​သွင်းကုန်​လိုင်​စင်​)​လျှောက်​ထားခြင်း၊လုပ်​ငန်းများ​ဆောင်​ရွက်​ခြင်း မရှီခဲ့ပါ ။ ကျွန်​​တော်​၏မိသားစု အ​ခြေအ​နေအရလည်းဤလုပ်​ငန်းများလုပ်​​ဆောင်​ရန်​ ​ငွေ​ကြေးပြည့်​စုံသူများ မဟုတ်​ပါ။ ယခုခါ ကျွန်​​တော်​မသိဘဲ ကျွန်​​တော်​နာမည်​သုံး၍ ကုမ္ပဏီ မှတ်​ပုံတင်​ခြင်း ၊ လုပ်​ငန်းများ​ဆောင်​ရွှက်​ခြင်း ကိုတစုံတ​ယောက်​မှလုပ်​ကိုင်​ထားသည်​ဟုသိရပါသည်​။ သို့ဖြစ်​ပါ၍ ဤကိစ္စ အမှန်​တကယ်​ရှီ မရှီ သိလိုပါသည်​။    20 Jul, 2016
Date : 20 Jul, 2016
Answer : ထုတ်ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသော ကုမ္ပဏီမှတ်ပုံတင်ကဒ်ရှိမှသာ လျှောက်ထား နိုင်ခြင်း ဖြစ်ပါသည်။ ကုမ္ပဏီမှတ်ပုံတင်ကဒ်တွင်ပါဝင်သော Director List တွင် လူကြီးမင်း၏ အမည်ပါဝင် နေသည်ဆိုပါက ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးသည့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန DICA တွင် စုံစမ်းမေးမြန်းခြင်းဖြင့် သိရှိနိုင်ပါသည်။

Question :ကွမ်းသီး re-export ပြုလုပ်လိုပါသဖြင့် မည်သို့ပြုလုပ်ရမည်နည်း. custom duty ဘယ်လောက်ပေးဆောင်ရမည်နည်း လိုင်စင်ကိုဘယ်လိုလျောက်ထားရမည်နည်း    06 Jul, 2016
Date : 06 Jul, 2016
Answer : re-export လျှောက်ထားလိုသူအနေဖြင့် အသေးစိတ်သိရှိလိုပါက ပြန်လည်တင်ပို့ခြင်း (Re-Export) လုပ်ထုံးလုပ်နည်းသတ်မှတ်ခြင်း တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :Semi Online အကြောင်းအသေးစိတ်ရှင်းပြပေးပါလား ခင်ဗျာ... online ကို etoken နဲ့ဝင်ပြီး လိုင်စင်ကို ကုန်သွယ်ရေးဦးစီးဌာနမှာ တင်ရတာလားဆိုတာ သိချင်ပါတယ်....    07 Jul, 2016
Date : 07 Jul, 2016
Answer : မင်္ဂလာပါရှင်၊ Semi Online ဆိုတာက Online ကနေ license Application form ကိုလျှောက်တာပေမဲ့ ကျန်တဲ့ process တွေ ကတော့ Online ကနေသွားလို့မရတာဖြစ်တဲ့အတွက် Semi Online လို့ခေါ်တာဖြစ်ပါတယ်။ Semi Online မှာ etoken သုံးရန်မလိုသေးပါဘူး။ Fully Online နဲ့လိုင်စင်လျှောက်မယ်ဆိုရင်တော့ etoken ကိုအသုံးပြုရမှာဖြစ်ပါတယ်။Fully Online လျှောက် ထားရင်တော့ ကုန်သွယ်ရေးဦးစီးဌာနကိုလာရန် မလိုပါဘူးရှင့်။ Fully Online ကို တော့ထောက်ခံချက် မလိုတဲ့ပစ္စည်းတွေကိုစတင်ပြီးလျှောက်ထားနိုင်အောင်စီစဉ်ထားပေးပါတယ်။ဘယ်လိုပစ္စည်းတွေကို လျှောက်နိုင်တာ လဲဆိုတာကို www.commerce.gov.mm မှာလဲဝင်ပြီးကြည့်နိုင်ပါတယ်၊www.myanmartradenet.com မှာလဲ fully online လျှောက်ထားရန်နေရာထဲကနေ၀င်ပြီးတော့ HS code ကိုခေါ်ကြည့်လို့ရပါတယ်ရှင့်။

Question :မင်္ဂလာပါ Itc သွင်းကုန်လိုင်စင် လျှောက်ထားချင်လို့ပါ ဘယ်လိုလျှောက်ထားရမလဲ ဆိုတာ ပြောပြပေးပါရှင်    06 Jul, 2016
Date : 06 Jul, 2016
Answer : Itc သွင်းကုန်လိုင်စင် လျှောက်ထားလိုသူအနေဖြင့် အသေးစိတ်သိရှိလိုပါက တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းလုပ်နည်းစနစ်များ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :ခုကုမ္မဏီလိုင်စင်ဈေးကျတယ်ဆိုတာဟုတ်ပါလားသိချင်ပါတယ် ခုကုန်ကျစရိတ်လေးသိချင်ပါတယ် နောက်ပီး ထသကလိုင်စင်တွက် ဘယ်လောက်ကုန်ကျမှုရှိပါလဲခင် တနိုင်တပိုင် ကုမ္မဏီထောင်မလို့မေးတာပါ    06 Jul, 2016
Date : 06 Jul, 2016
Answer : ကုမ္ပဏီလိုင်စင် နှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက Directorate of Investment and Company Administration Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားလိုသူအနေဖြင့် အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :ခုကုမ္မဏီလိုင်စင်ဈေးလျော့ချတယ်ဆိုတာဟုတ်ပါလားခင်ဗျ နောက်တခုက သွင်းကုန်ထုတ်ကုန်သကထလိုင်စင်ဘယ်လောက်ကျပါသေးလဲ သိချင်ပါတယ်ခင်ဗျ    06 Jul, 2016
Date : 06 Jul, 2016
Answer : ကုမ္ပဏီလိုင်စင် နှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက Directorate of Investment and Company Administration Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားလိုသူအနေဖြင့် အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :Semi Online Licence က လျှောက်လို့ မရဘူး။ Form အားလုံးပြီးလို့  Finish လုပ်ပြီးရင် Sent လုပ်တာကို Sent နိုပ်ပြီးရင် Registration Code : တောင်းတဲ့အတိုင်းထည့်ပေး ပေမယ့် Code Error ပဲ ပြနေတယ် Registration Code ကလည်း သွင်းကုန်လိုင်စင်လျှောက်လွှာရဲ့ Left Hand Side က Please record this Registration No : ကိုထည့်တယ် အဆင်မပြေဘူး Do not record this No (or) Code ပဲပြတယ် အဲ့တာဘယ်အချိန်မှ လျှောက်လို့ ရမှာလဲ သိချင်ပါတယ်။ Fully Online Licence ကလည်း ကန့် သတ်ထားတာတွေများနေတာ Semi Online Licence က လျှောက်တာ အဆင်မပြေဘူး...... Help me if you wish.    29 Jul, 2016
Date : 29 Jul, 2016
Answer : Online Licence လျှောက်ထားမှုအားလုံးကတော့ အသုံးပြုတယ့် Internet Connection ပေါ် မူတည်ပါတယ်... Connection အတက်အကျပေါ် မူတည်ပီး Error ဖြစ်တတ်ပါတယ်... Semi Online မှာ Sent နှိပ်ပြီး Registration Code ထည့်စရာ မလိုပါဘူး.. ဒီအစောင်ကို Finish လုပ်ပြီးရင် ပြန်ရှာလို့ မရပါဘူး.. Finish မလုပ်မှသာ ပြန်ရှာလို့ရတာပါ. အဆင်မပြေတာများ ရှီလျှင် ဆက်သွယ်ရန်ဖုန်း 01-241025 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်..

Question :ထသက မှတ်ပုံတင် လုပ်ချင်ပါသည်။ onlineက လျောက်ထားလို့ ရပါသလားခက်ဗျား။ Agentရော လိုအပ်ပါသလား ခင်ဗျာ    05 Jul, 2016
Date : 05 Jul, 2016
Answer : Online ကနေလျှောက်ထားလို့်မရသေးပါဘူးရှင့်၊ ကိုယ်တိုင်လာလျှောက်လို့ရပါတယ်ရှင့်။

Question :mail စစ်ပြီးပါပြီ့ hyperlink mail မရောက်သေးပါ [email protected]    29 Jul, 2016
Date : 29 Jul, 2016
Answer : Hyperlink Mail လုပ်မယ်ဆိုရင် ညီမတို့ဆီ အသင်းဝင်ကြေး ( 13000 ) ပေးပီးမှ ရပါမယ်ရှင့်....

Question :mail စစ်ပြီးပါပြီ့ hyperlink mail မရောက်သေးပါ [email protected]    02 Aug, 2016
Date : 02 Aug, 2016
Answer : စီးပွား/ကူးသန်းရန်ကုန်ရုံး မြေညီထပ်ရှိ PACအခန်းတွင် Myanmar Trade Net Member ကြေး တစ်နှစ်စာ လာရောက်ပေးသွင်းပြီးမှသာ အသုံးပြှု ရနိုင်မည်ဖြစ်ပါသည်

Question :DICA မှာကုမ္ပဏီတစ်ခုထောင်ဖို့အတွက်ဘာတွေဆောင်ရွက်ရမလဲသိချင်ပါတယ် နိုင်ငံခြားကုမ္ပဏီအတွက်ဆိုဘယ်လိုဆောင်ရွက်ရမလဲပြည်တွင်းဆိုဘယ်လိုဆောင်ရွက်ရမလဲသိချင်ပါတယ်ခင်ဗျ    23 Jun, 2016
Date : 23 Jun, 2016
Answer : DICA နှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက Directorate of Investment and Company Administration Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :DICA မှာဘယ်လိုလုပ်ငန်းတွေဆောင်ရွက်လို့ရပါသလဲပြီးတော့ဘယ်ကိစ္စကိုဘယ်လိုဆောင်ရွက်ရမလဲသိချင်ပါတယ်ခင်ဗျ    23 Jun, 2016
Date : 23 Jun, 2016
Answer : DICA နှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက Directorate of Investment and Company Administration Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :Myanmar TradeNet မှာ Semi Online လျှောက်တဲ့အခါ - Import Section မှာ မိမိပစ္စည်းက ဘယ် Section မှာပါတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။ လေ့လာမယ်ဆိုရင်ကော ဘယ်မှာလေ့လာလို့ရမလဲ။ ကျွန်တော်တို့ သွင်းမယ့် ပစ္စည်းက Computer Parts နဲ့ သက်ဆိုင်တဲ့ Server တို့ Router တို Switch တို့ပါ။    06 Jul, 2016
Date : 06 Jul, 2016
Answer : လျှောက်ထားသည့်ပစ္စည်းနှင့် Import Section များအား လေ့လာသိရှိနိုင်ရန် .. (1) Section 1 – Medical / LSB & F / Sports / Petrol (2) Section 2 – Freeze / Electrical Power / Home Goods / Mic & FCEC (3) Section 3 – Machine / Others / EP & EC (4) Section 4 – Edible Goods / Industrial Raw Material (5) Vehicle / Government / Permit / Free / MIC & FCEC (Gov & JV) (6) Section 6 – Construction / Paper / Communication / Agriculture (7) Section 7 – Electrical of Machinery Spare Parts (8) Section 8 – MIC/FCEC In CMP (9) Section C – CMP (10) Section G – Government (11) Section V - Vehicle

Question :ထသက နံပတ် ဘယ်ကရမည်နည်း    15 Jun, 2016
Date : 15 Jun, 2016
Answer : ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားလိုသူအနေဖြင့် http://www.myanmartradenet.com.mm တွင် ဖော်ပြထားသော ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လျှောက်ထားခြင်းအတွက်ပုံစံ၌ လိုအပ်သည့်အချက်အလက် များ ဖြည့်စွက်ပြီး ကုန်သွယ်ရေးဦးစီးဌာနတွင် လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

To post new question!
* Question